မောင်တော ဇူလိုင် ၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဇွန် ၂၉ ရက်နေ့တွင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မောင်တောမြို့နယ်သို့ ပြောင်းရွှေ့လာသည့် ရဲတပ်ဖွဲ့ဝင်များအား ဇွန် ၂၄ ရက်နေ့ မှ ၂၉ ရက်နေ့တို့ တွင် ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ဆက်စပ်တွေ့ရှိခဲ့သူများနှင့် ဖျားနာ၊ ခေါင်းဆိုး၊ အသက်ရှုကြပ်ပြီး မောင်တောပြည်သူ့ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား Rapid Diagnostic Test(RDT) ဖြင့် စစ်ဆေးခဲ့ရာ အသက်(၄၂)နှစ်အရွယ် အမျိုးသားသုံးဦး၊ အသက်(၂၅)နှစ် အရွယ်အမျိုးသားတစ်ဦး၊ အသက်(၄၄)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၂၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၃၄) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၃၃)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၂၉) နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၂၆) နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၃၆)နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ အသက် (၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၃၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၁၀) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၅၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရာ ဇွန် ၃၀ ရက်နေ့တွင် ထပ်မံ၍ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ (၁၅) ဦးရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ပိုးတွေ့လူနာ အမျိုးသား(၈)ဦး နှင့် အမျိုးသမီး (၇)ဦးတို့အား မောင်တောမြို့ ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့်ဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိရာ ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့မှ ဇွန် ၃၀ ရက်နေ့ ညနေပိုင်းထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၄၃)ဦး ရှိပြီး ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြုလူနာများအနက် (၅)ဦးမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရက်ပြည့်မြောက်ပြီး ရောဂါလက္ခဏာ ထပ်မံပြသမှုမရှိသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး လက်ရှိမောင်တော ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသူ (၃၂) ဦးနှင့် ယာယီဆေးရုံငယ်တွင် (၆) ဦး စုစုပေါင်း (၃၈) ဦးရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန် ရှိသူ တစ်ဦးထံမှ သိရသည်။
သက်လွင်စိုး