မုံရွာခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မုံရွာ ဇူလိုင် ၁

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နေ့လယ် (၂) နာရီက မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မုံရွာခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ မုံရွာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် မုံရွာမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးတို့က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာ မြို့ဝင်စစ်ဆေးရေး ဂိတ်ဖွင့်လှစ်မှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများအား ဆေးကုသမှုအခြေအနေ၊ Quarantine Center ဖွင့်လှစ်ထားရှိမှု အခြေအနေများအား ဆွေးနွေးတင်ပြမှုနှင့် တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၏ အထွေထွေ ဆွေးနွေးတင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးက လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

ယခုအခါ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားလျက်ရှိရာတွင် ယနေ့အချိန်အထိ ပိုးတွေ့လူနာများမှာ မုံရွာမြို့ တွင် (၅၉) ဦး၊ ချောင်းဦးမြို့တွင်(၁)ဦး၊ ဘုတလင်မြို့တွင်(၁၀၂)ဦးနှင့် အရာတော်မြို့တွင်(၉)ဦး စုစုပေါင်း ပိုးတွေ့လူနာ (၂၃၁) ဦးရှိပြီ ဆေးရုံဆင်းခွင့်ရရှိသူဦးရေမှာ (၈၆) ဦးဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)