ပေါင်းတည် ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍနှစ်အတွက် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါစီမံကိန်းအကောင် အထည်ဖော်နိုင်ရေးအတွက် ပျိုးဥယျာဉ်တွင် မိုးရာသီစိုက်ပျိုးရန် ပျိုးထောင်ထားသော နှစ်ရှည်ပင်များကို ပြည်သူများ အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ ပျိုးထောင်ထားသည့် နှစ်ရှည်ပင်များဖြစ်သော ကျွန်း၊ မန်ဂျန်ရှား၊ ယူကလစ်တို့ကို တမျိုးလျင်ပျိုးပင် ၁၅,၀၀၀ ကျော်ခန့် ပျိုးထောင် ထားပြီး ရေတမာ၊ ကံ့ကော်၊ ခရေ၊ မယ်ဇယ်နဲ့ သပြေတို့ကိုလည်း ပျိုးထောင်ထားရာ စုစုပေါင်းအပင်ရေ ၅၀,၀၀၀ ဖြန့်ဝေမှာဖြစ်ပြီး ပျိုးပင်များကို ပျိုးထောင်ထားသော တမံကြီးပျိုးခြံတွင် ထုတ်ယူနိုင်ကြောင်း သိရသည်။
ချစ်နှင်းသုန်