ဝန်းသိုမြို့နယ် နောင်ကွင်းကျေးရွာတွင် လေးလက်မစက်ရေတွင်း တူးဖော်ပြီးစီး

ဝန်းသို ဇွန် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ နောင်ကွင်းကျေးရွာတွင်  မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေရရှိရေးလုပ်ငန်း လေးလက်မစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ စက်ရေတွင်းအနက်ပေ ၃၁၀ ဖြင့် တစ်နာရီ ရေဂါလံ ၁၅၀၀ နှုန်း ထွက်ရှိအောင်မြင် ပြီးစီးပြီဖြစ်ကြောင်း ယမန်နေ့က မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးချက်အရ သိရသည်။

အဆိုပါကျေးရွာ ရေရရှိရေးလုပ်ငန်းကို ပြည်ထောင်စုဘတ်ဂျက်ဖြင့် အောင်ခန့်ဝင်းကုမ္ပဏီက တင်ဒါ အောင်မြင်ငွေကျပ် (၁၂.၃၈)သန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဆက်စပ်လုပ်ငန်းများဖြစ်သည့် ဂါလံ(၂၀၀၀) ဆံ့ ရေစက်ရုံ(၁)လုံး၊ (၁၀ပေ×၈ပေ×၈ပေ) ရှိ ရေစက်ရုံးတစ်လုံးနှင့် အင်ဂျင်ဒိုင်နမို တပ်ဆင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ရေရရှိရေးလုပ်ငန်းများအားလုံး အောင်မြင်ပြီးစီးပါက အဆိုပါကျေးရွာနေပြည်သူ အိမ်ခြေ(၅၅)အိမ်၊ လူဦးရေ(၂၉၄)ဦးတို့အတွက် ရာသီမရွေးသန့်ရှင်းသောသောက်သုံးရေကို ဖူလုံစွာရရှိသုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကျော်မြိုင်