အုတ်ဖို ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ် ရေးကောင်စီ၏ စီစဉ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဗီနိုင်း ဆိုင်းဘုတ်များကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက စိုက်ထူခဲ့ကြသည်။
အဆိုပါဆိုင်းဘုတ်စိုက်ထူခြင်းကို အိုးသည်ကုန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသူရိန်ထွန်း၊ အိုးသည်ကုန်း စခန်းမှူး၊ တိုက်နယ်ဆရာဝန်၊ လက်ထောက်မီးသတ်ဦးစီးမှူး၊ စည်ပင်စျေးတာဝန်ခံနှင့် ပူးပေါင်းအဖွဲ့များက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်ဖြစ်သော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဗီနိုင်း ဆိုင်းဘုတ်ကို မြို့မ(၁) လမ်း၊ စျေးရှေ့ လူစည်ကားရာ နေရာတွင် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန် အတွက် စိုက်ထူပေးခဲ့ခြင်းဖြစ်ကြောင်း နှင့်အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၂) ဦး ရှိပြီဖြစ်ကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)