မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုသင်တန်း သင်တန်းဆင်း လက်မှတ်ပေးအပ်

ချောင်းဆုံ ဇွန်   ၃၀

 

တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရာတွင် အဆင်ပြေစေရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သင်တန်းများပို့ချ လျက်ရှိရာ တိရစ္ဆာန်ကျန်းမာရေး    စောင့်ရှောက်မှု သင်တန်းဆင်းပွဲ ကို ယနေ့ မွန်းလွဲ(၂)နာရီက ကညှော်ကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။

 

အဆိုပါသင်တန်းတွင် ကျွဲ၊ နွား၊ ကြက်၊ ဝက် စသည့် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ရောဂါများ၊ ရာသီအလိုက်ကူးစက်တတ်သည့်ရောဂါများ၊ လူကြောင့်ကူးစက်တတ်သည့် ရောဂါများ၊ ကာကွယ်ရန်နှင့် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် လုပ်ကိုင်ရာ၌ အဆင်ပြေ စေရေးအတွက်(မွေး/ကု)ဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာနွဲ့နွဲ့ရီနှင့် ဒု-ဦးစီးမှူး ဒေါက်တာအေးမင်း တို့က ဇွန်  လ ၂၉ ရက်မှ ၃၀ ရက်နေ့အထိ (၂)ရက်ကြာ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်းနှင့် သင်တန်းဆင်း လက်မှတ် များပေးအပ်ခဲ့ကြောင်း သိရသည်။

 

ချောင်းဆုံ(ပြန်/ဆက်)