ပေါက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

ပေါက် ဇွန် ၃၀

 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ပေါက်မြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပေါက်ပင် စည်းအဝေးခန်းမ၌ ကျင်းပ သည်။

 

 အစည်းအဝေးတွင် ပေါက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦး​ကျော်စိုးက  ပြည်သူများ နေအိမ်ပြင်ပသွားလာရာတွင် ပါးစပ်၊နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး အသိပညာပေး ဆောင်ရွက်ရန်၊ Stay at Home သတ်မှတ် ထားသော မြို့နယ်များမှ ပြန်လာသူများကို သတင်းပေးပို့ပြီး Test Kits ဖြင့်စစ်ဆေးရန်၊ ရပ်ကွက်နှင့် ကျေးရွာများတွင် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ကြေညာဆောင်ရွက်ရန်၊ လူစည်ကားရာ နေရာများတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရန်နှင့် အသိ ပညာပေး ဗီနိုင်း/ ပိုစတာများကို ချိတ်ဆွဲ/တပ်ဆင်/ပြသထားရှိရန်  ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်ကိုက Quarantine Centre များကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကြို တင် ပြင်ဆင်ထားရှိရန်နှင့် Positive လူနာများတွေ့ရှိလာပါက သီးသန့်ဆောင်တွင် ထားရှိ ကုသဆောင်ရွက်သွားမည့် လုပ်ငန်းများကို အသေးစိတ်ရှင်းလင်းတင်ပြသည်။ ထို့နောက်ပိုးတွေသူများကုသ‌ေရး၊နေထိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲ မဖြစ် ပေါ်စေရေး လိုအပ်သည်များကို ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ တင်ပြလာမှုအပေါ် ကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီး ဆက် လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားသည်။

 အဆိုပါ အစည်းအဝေးသို့ ပေါက်မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အ ရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဉာဏ်တိုး​(ပေါက်)