သီပေါ ဇွန် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ပေါ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၆)ဦးထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာ(၁၆)ဦးအနက် (၈)ဦးမှာယခင်ပိုးတွေ့လူနာများနှင့် ထိတွေ့ ဆက်စပ်သူများဖြစ်ကာ Quarantine ဝင်ရောက်နေသူများဖြစ်ပြီး၊ ကျန်(၈)ဦးမှာ အနံ့မရရှိသူ၊ ဖျားနာသူ၊ ပိုးတွေ့လူနာနှင့်ထိစပ်သူများဖြစ်သည်။
သီပေါမြို့ပေါ်တွင် ယမန်နေ့ မွန်းတည်(၁၂)နာရီအထိ ကိုဗစ်-၁၉ပိုးတွေ့အတည်ပြုလူနာ (၄၀)ဦး ရှိပြီး ၊(၁)ဦးသေဆုံးကြောင်း၊ သီပေါမြို့နယ်၊နမ့်လန်ကျေးရွာတွင် ဇွန်လ၂၉ရက်နေ့အထိကိုဗစ်-၁၉-ရောဂါပိုးတွေ့ အတည်ပြု လူနာ(၃၇)ဦးရှိပြီး၊(၁)ဦးသေဆုံးကြောင်းနှင့် လက်ရှိသီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း(၇၇)ဦးရှိပြီး(၂)ဦးသေဆုံးကြောင်းသိရသည်။
ခင်လေး(ပြန်/ဆက်)