ရွှေတောင် ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့အဝင် တိုးဂိတ်တွင် နံနက်၆နာရီမှ ည၉နာရီအထိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီး ကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေး ဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင် မြို့အတွင်း ဝင်ရောက်လာကြသူများကို ပါးစပ်နှာခေါင်းစည်း mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ mask ကို စနစ်တကျ တပ်ဆင်သွားလာရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြုမူနေထိုင်သွားလာရေး အသိပညာပေးနှိုးဆော်ခြင်း၊ mask ကို စနစ်တကျ တပ်ဆင်ပြီးမှသာ မြို့တွင်းသို့ ဝင်ထွက်သွားလာစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း စသည်တို့ကို ပညာပေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ စစ်ဆေးရေးဂိတ်ကို နေ့စဉ် နံနက်(၆)နာရီမှ ည(၉)နာရီအထိ ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး ကြိုတင် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးတုံ့ပြန်ရေး ကော်မတီမှ သိရသည်။
ကိုကိုမင်း