ကျိုက်မရောမြို့နယ်၌ ယဉ်ကျေးလိမ္မာသင်တန်း(အငယ်တန်း)ဖွင့်ပွဲကျင်းပ

ကျိုက်မရော ဇွန်  ၃၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ ကြီးမှူးကျင်းပသော   ယဉ်ကျေး လိမ္မာသင်တန်း(အငယ်တန်း)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်၈နာရီက ကျိုင်မရောမြို့ ရသေ့ကျောင်းတိုက်ဓမ္မာရုံ၌ကျင်းပရာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း၏ သြဝါဒဆရာတော်ရသေ့    ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကျိုက်မရောမြို့နယ် ဗုဒ္ဓ ဘာသာ ကလျာဏယုဝအသင်းဥက္ကဋ္ဌဦးအေးအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း လျောက်ထားရာတွင်ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးကို မြန်မာသက္ကရာဇ်၁၂၆၈ ခုကဆုန် လပြည့်ကျော်၄ရက်နေ့ ၁၉၀၆ခုနှစ် မေလ၁၀ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး အသင်း၏ ဆောင်ပုဒ်မှာ အမျိုးဘာသာသာသနာပညာဖြစ်ကြောင်း၊ ကလေးသူငယ်များ အားငယ်စဉ် ကလေးဘဝမှ စ၍ရိုးရာယဉ်ကျေးမှုကိုမြတ်နိုးတန်ဖိုးထားတတ်သည့်စိတ်၊ အချင်း ချင်းရိုင်းပင်းကူညီလိုတတ်သည့် စိတ်ဓာတ်နှင့်အမျိုးအနွယ်ကိုစောင့်ထိန်းသည့်စိတ်၊ နိုင်ငံတော် နှင့်အမျိုးဘာသာ သာသနာကိုစောင့်ထိန်း လိုသည့်စိတ်၊ မိမိနိုင်ငံနှင့် မိမိလူမျိုးအကျိူးကို သယ်ပိုးနိုင်ရန်အတွက်လူငယ်များတွင် တာဝန်ရှိပါကြောင်း၊ ထို့ကြောင့်ယခုလို ယဉ်ကျေး လိမ္မာသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း လျောက်ထား ခဲ့သည်။

ဆက်လက်၍ ကြွရောက်တော်မူလာသော ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးသင်တန်းသား၊ သင်တန်းသူများအတွက်ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ နှင့်စာအုပ်များပေးအပ်ခဲ့သည်။  သင်တန်းသို့ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက် များမှ   သင်တန်းသား၊ သင်တန်းသူ (၁၄၇)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ  တစ်ပတ် ဖြစ်ကြောင်း သင်တန်း ကျင်းပရေးကော်မတီမှသိရသည်။        

ချိုမြတ်မြတ်ထွေး