အောင်လံ ဇွန် ၃၀
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ပါးစပ်နှင့်နှာခေါင်းစည်း Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီက အောင်လံမြို့ ပြည်လမ်း အ-ထ-က(၁) ကျောင်းရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် မြိုနယ်အဆင့်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဈေးရောင်းဈေးဝယ်နှင့် လမ်းသွားလမ်းလာပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမဖြစ်ပွား စေရေးရည်ရွယ်၍ ပါးစပ်နှင့်နှာခေါင်းစည်း Mask အခု(၃၀၀)အားအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးသိန်း