တနိုင်းမြို့နယ်၌ Mask Campaign ပညာပေး လှုပ်ရှားမှုပြုလုပ်

တနိုင်း ဇွန် ၃၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အထောက်အကူဖြစ်စေရန် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် မဖြစ်မနေ Mask စနစ်တကျ တပ်ဆင်သွားလာကြရန် အသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီတွင် Mask Campaign အသိပညာပေး လှုပ်ရှားမှုကို လူစည်ကားရာနေရာဖြစ်သည့် တနိုင်းမြို့မ ရဲစခန်းရှေ့၊ လီဒိုလမ်းမကြီးနှင့် မိုင်းခွန်သွားလမ်းဆုံ‌နေရာ ဈေးလမ်းထောင့် လမ်းဆုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး လှုပ်ရှားမှုတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ နံနက်(၈)နာရီမှ (၉)နာရီအထိ Mask Campaign အသိပညာပေးလှုပ်ရှားမှုကို လူစည်ကားရာနေရာ ဖြစ်သည့် တနိုင်းမြို့မရဲစခန်း‌ရှေ့၊ လီဒိုလမ်းမကြီးနှင့် မိုင်းခွန်သွားလမ်းဆုံ‌နေရာ ဈေးလမ်းထောင့် လမ်းဆုံတွင် Mask တပ်ဆင်ခြင်းမရှိသော ခရီးသွားပြည်သူ၊ ဈေးသည်၊ ဈေးဝယ်များအား Mask Campaign ခုရေ(၁၃၀၀) အခမဲ့ဖြန့်ဝေပေးပြီး တနိုင်းမြို့ အထက(၁)ကျောင်း၊ အထက(၂) ကျောင်းတို့အား သွားရောက်၍ ကျောင်သား၊ ကျောင်းသူများ ဆရာ၊ ဆရာမများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ဂရုစိုက်ဆောင်ရန်မှာကြားပြီး Maskခုရေ(၃၀၀)၊ Hand Gel (၅)ဘူးစီ ထောက်ပံ့ခြင်း၊ တနိုင်းမြို့ဝင်ဂိတ်သို့ သွားရောက်ကြည့်ရှုပြီး Maskခုရေ(၂၅၀) ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)