‌ကျေးရွာပြည်သူများအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ‌အကြောင်း မိတ်ဆက် ရှင်းလင်း

ကသာ ဇွန် ၃၀

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ရန်ပုံငွေကျပ်သိန်း(၁၀၀)နှင့် ပြည်သူ ထည့်ဝင်ငွေ၊ လုပ်အားများဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကသာမြို့နယ်၊ စက်ဆုပ်ကျေးရွာသို့ ယမန်နေ့က သွားရောက်ပြီး ဒေသခံပြည်သူ များအား  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ‌အကြောင်းကို မိတ်ဆက် ရှင်းလင်းခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ ကသာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသန်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရွေးချယ်ဆောင်ရွက် ရခြင်းနှင့် လုပ်ငန်းများအ‌ကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်း ဆိုင်ရာများကို မိတ်ဆက်ရှင်းလင်းပြီး စီမံကိန်းတာဝန်ခံ ဦးဇွဲမင်းထက်က ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP) အကြောင်းကို ရှင်းလင်းခဲ့ရာ ဒေသခံပြည်သူများက မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် လုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် ကော်မတီဖွဲ့စည်းခြင်း၊ ကော်မတီဝင် ရွေးချယ်ခြင်းနှင့် လုပ်ငန်းရွေးချယ်ခြင်း ဆိုင်ရာများကို ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရွေး ချယ်ရာတွင် (၅)နှစ်တာကာလအတွက် လုပ်ငန်းများကို ရွေးချယ်ကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ကျေးရွာတွင်းကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည် ဖြစ်သည်။

လက်ရှိအနေဖြင့် ကသာမြို့နယ်၌ မြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာတစ်ရွာလျှင် VDP စီမံကိန်းရန်ပုံငွေကျပ် သိန်း (၁၀၀)နှင့် ပြည်သူထည့်ဝင်ငွေ၊ လုပ်အားများဖြင့်ကျေးရွာ (၁၁) ရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက် ရေး လုပ်ငန်းစီမံကိန်း(VDP)များ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)