မောင်တော ဇွန် ၃၀
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ မြို့မမြောက် ရပ်ကွက်နေ အသက်(၃၃)နှစ်အရွယ် မူလတန်းပြ အမျိုးသမီး တစ်ဦး ၊ အသက်(၃၆)နှစ်အရွယ် အလယ်တန်းပြ အမျိုးသမီး တစ်ဦး ၊ အသက် (၄၇)နှစ် အရွယ် အမျိုးသားတစ်ဦး တို့ သည် ဖျားနာ ၊ ခေါင်းဆိုး၊ အသက် ရှုကြပ်ပြီး ဇွန် ၂၉ ရက်နေ့တွင် မောင်တောပြည်သူ့ဆေးရုံသို့ လာရောက်ပြသ၍ ကိုဗစ်-၁၉ ရောဂါ လက္ခဏာ တွေ့ရှိ သ ဖြင့် Rapid Diagnostic Test(RDT) ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ၊ ထပ်မံ၍ ဇွန် ၂၈ ရက်နေ့ နှင့် ဇွန် ၂၉ ရက်နေ့တွင် ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ဆက်စပ်သူ မိသားစုဝင် များအား Rapid Diagnostic Test(RDT) ဖြင့် စစ်ဆေးခဲ့ရာ အသက်(၆၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊အသက်(၄၆) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၁၃)နှစ် အရွယ် အမျိုးသမီးတစ်ဦး ၊ အသက်(၆၆) နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊ အသက်(၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊အသက် (၃၉)နှစ်အရွယ် အမျိုးသမီး တစ်ဦး ၊ အသက်(၆)နှစ်အရွယ် အမျိုးသားတစ်ဦး ၊ အသက်(၆)နှစ်အရွယ် အမျိုး သမီးတစ်ဦး ၊ အသက် (၅)လ အရွယ် အမျိုးသားတစ်ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရာ ဇွန် ၂၉ ရက်နေ့တွင် ထပ်မံ၍ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၂) ဦးရှိကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ပိုးတွေ့လူနာ အမျိုးသား(၃)ဦး နှင့် အမျိုးသမီး (၉)ဦးတို့အား မောင်တောမြို့ ပြည်သူ့ ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့် ဆောင် တွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိရာ ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့ မှ ဇွန် ၂၉ ရက်နေ့ ညနေပိုင်းထိ ကိုဗစ် အတည်ပြုလူနာ စုစုပေါင်း (၂၈)ဦး ရှိပြီး ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာများအနက် သုံးဦးမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရက်ပြည့် မြောက်ပြီး ရောဂါ လက္ခဏာ ထပ်မံပြသမှုမရှိသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
သက်လွင်စိုး