ကျိုက်မရော ဇွန် ၃၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ကျုံကွယ်ကျေးရွာရှိ အမှတ်(၁၀၂၁)နယ်ခြားစောင့်တပ်မှ အရာရှိ၊ အရာခံနှင့် အကြပ်စစ်သည်များ၊ မိသားစုဝင်များအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက် ၁၀ နာရီကအမှတ် (၁၀၂၁) နယ်ခြားစောင့် တပ်ရင်းခန်းမ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကိုကိုလွင်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးအမှတ် ၁၀၂၁ တပ်ရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်၃(က) ၁၉ဦး၊ နိုင်၆(က)၁၁ဦး၊ မိတ္တူ(၅)ဦး၊ စုစုပေါင်း(၃၅)ဦးနှင့်အသက် ၁၀ နှစ်ပြည့်ပြီးသူများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသူများအား နိုင်ငံသားစစ်စစ်ရေးကတ်ပြားများကိုကွင်းဆင်း ၍နေ့ချင်းပြီးဆောင်ရွက် ပေးအပ်ခဲ့ရာ နယ်ခြား စောင့်တပ်မှ တာဝန်ရှိသူများကလက်ခံရယူခဲ့ကြောင်းသိရှိရသည်။
ချိုမြတ်မြတ်ထွေး