မြင်းမူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

မြင်းမူ ဇွန် ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနသည်  မြင်းမူမြို့ပေါ်ရပ်ကွက်များအား ပထမဦးစားပေးအစီအစဉ်တစ်ရပ်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မရရှိသေးသူများအား  နိုင်ငံသားစိစစ်ရေးကတ်ပြား     လက်ဝယ် ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက်  ပန်းခင်းစီမံချက်ဖြင့် ယနေ့တွင်    မြင်းမူမြို့ အမှတ်(၄) နယ်မြေ တောင်ပိုင်းရပ်ကွက်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

ရှေးဦးစွာ      မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ        မြို့နယ်ဦးစီးမှူး ဦးထင်လတ်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန်အတွက်  ပါရှိရမည့် အထောက် အထားများ၊   နိုင်ငံသားစိစစ်ရေးကတ်ပြား အသုံးဝင်မှု၊ အရေးကြီးမှုနှင့် ပျက်စီး၊ ပျောက်ဆုံးမှု မရှိစေရေးအတွက်  စနစ်တကျ ကိုင်တွယ်သိမ်းဆည်းရေးတို့နှင့် ပတ်သက်၍ အသိပညာပေး ပြောကြားခဲ့သည်။

 

ယခုကွင်းဆင်းပြုလုပ်ပေးရာတွင် အသက်(၁၀)နှစ်ပြည့်၊ အသက်(၁၆)နှစ်နှင့် (၁၈)နှစ်ကြားနှင့် အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်စစ်ရေးကတ်ပြား လုံးဝမရှိသေးသူများအား ပြုလုပ်ပေး ခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များအပါအဝင်  ကျေးရွာအသီးသီးတွင်    အသက်(၁၇)နှစ်နှင့် အထက် မှတ်ပုံတင်ပြုလုပ်ရန်  လူဦးရေစာရင်းကောက်ယူထားမှုအရ (၄၁၉၂) ဦးရှိကြောင်း   မြို့နယ်ဦးစီးမှူး ဦးထင်လတ်ထံမှ သိရှိရသည်။

 

အောင်စိုးဖေ(မြင်းမူ)