ရေဦးမြို့နယ်တွင် COVID -19 ပိုးတွေ့ရှိသူ ၁၁ ဦးထိရှိလာ

ရေဦး  ဇွန် ၂၉

စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်  ရေဦးမြို့နယ်တွင်  ယမန်နေ့က အနံ့ပျောက်၍ ဆေးပြလာ သူများအား Test Kit ဖြင့်စစ်ဆေးခဲ့ရာ COVID -19  ရောဂါပိုးတွေ့ရှိခဲ့ကြောင်း   ရေဦး မြို့နယ် ကုတင် ( ၁၀၀ )  ဆံ့ပြည်သူ့ဆေးရုံ    ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရောဂါပိုး‌ တွေ့ရှိသူများမှာ မြို့ပေါ်ရပ်ကွက်ဖြစ်သည့် အောင်ဆန်းရပ်ကွက် (၄) လမ်းမှ ၂ ဦး၊ ထိတွေ့ခဲ့သူ၃ ဦး၊ အောင်ချမ်းသာရပ်ကွက် အလယ်လမ်းမှ ၂ ဦး၊ ထိတွေ့ခဲ့သူ ၃ ဦး၊  ဗိုလ်အောင်ဇေယျတိုးချဲ့ရပ်ကွက်မှ ၁ ဦး၊  စုစုပေါင်း ၁၁ ဦးဖြစ်ကြောင်း၊  ထို့ပြင် တန့်ဆည် မြို့နယ်မှ   အနံ့မရသူ    တစ်ဦးအား   ကျန်းမာရေးစစ်ဆေးခဲ့ရာတွင်လည်း COVID – 19 ရောဂါ ပိုးတွေ့ရှိခဲ့၍   အဆိုပါပိုးတွေ့ရှိသူများအား ကုသပေးရန်အတွက်  မြို့နယ် သံဃာ့ဆေးရုံကြီးတွင် ထားရှိပြီး   ရောဂါထိန်းချုပ်နိုင်ရေး  ဆေးကုသမှုများ   ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသွား အလာ  ကန့်သတ်စောင့်ကြည့်လျက်ရှိကြောင်း၊    မြို့နယ်  COVID -19   ထိန်းချုပ်ရေး နှင့်တုန့်ပြန်ရေးကော်မတီကလည်း   ပိုးတွေ့ရှိသူများအတွက် လိုအပ်သည်များကို တတ်အား သရွေ့ ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

သန်းထိုက် (  ရေဦး  )