ငဖဲ ဇွန် ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် ယခုနှစ်မိုးရာသီတွင် သစ်ပင် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာသုံးထင်းစိုက်ခင်း ဧက(၃၀)၊ ရေဝေရေလဲ စိုက်ခင်း ဧက ၅၀ နှင့် အထူးစိမ်းစိုက်ခင်းများအတွက် သစ်မျိုးစုံစုစုပေါင်း (၃၉၈၅၀) ပင်ကို ဇွန်လ ၁၁ ရက်နေ့မှ စတင်စုပေါင်း စိုက်ပျိုးခဲ့ရာ ယနေ့တွင်သစ်ပင်မျိုးစုံစိုက်ပျိုး ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် ငဖဲမြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးမှူးဦးဇော်သင်း နှင့်ဝန်ထမ်းများ၊ ဒေသခံပြည်သူလူထုများ ပူးပေါင်း၍ အရိပ်ရပင်နှင့် နှစ်ရှည်ပင်များဖြစ်သော ယူကလစ် (၁၀၄၀၂)ပင်၊ ရှား(၂၁၄၇၉)ပင်၊ စစ် (၃၆၃၅)ပင်၊ ဝါး(၁၂၀၉)ပင်၊မာတာကွတ် (၁၀၀)ပင်၊ တမာ (၅၅၀) ပင်၊ပိတောက် (၉၀)ပင်၊ ယင်းမာ (၉၀၀) ပင်၊ မြန်မာကုက္ကိုလ် (၉၀၀)ပင်၊ ဒဟတ် (၄၅၀)ပင်နှင့် ဖျောက်ဆိတ် (၁၃၅)ပင် စုစုပေါင်း သစ်မျိုးစုံ (၃၉၈၅၀) ပင်ကို ကျေးရွာသုံး ထင်းစိုက်ခင်း ဧက(၃၀)၊ ရေဝေရေလဲ စိုက်ခင်း ဧက ၅၀ နှင့် အထူးစိမ်းစိုက်ခင်းများတွင် စုပေါင်းစိုက်ပျိုးပြီးစီးခဲ့ကြောင်းသိရသည်။
မယု(ငဖဲ)