သံတွဲမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကွန်ပျူတာအခြေခံ သင်တန်းဖွင့်လှစ်

သံတွဲ  ဇွန် ၂၉

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သံတွဲ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အ​ထောက် အကူပြု ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက သံတွဲခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် သံတွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ် ဦးစီးမှူး ဦးတင်မောင်ဌေးက အဖွင့်အမှာစကားပြောကြားပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(သံတွဲ)မှ မြို့ပြဌာနမှူးနှင့် သင်တန်းနည်းပြဆရာမက သင်ကြားမည့်အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၄)အုပ်စု၊ ကျေးရွာ(၁၄) ရွာမှ သင်တန်း သား၊ သင်တန်းသူ(၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး အစိုးရစက်မှုလက်မှု သိပ္ပံ(သံတွဲ)မှ သင်တန်းနည်းပြဆရာ၊ ဆရာမများက စာတွေ့လက်တွေ့ ရက်သတ္တသုံးပတ်ကြာ သင်ကြားပို့ချပေး လျက်ရှိသည်။ ၎င်းသင်တန်းကို သံတွဲမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံ(သံတွဲ)တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲသို့ သံတွဲခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြား ရေးမှူး ဦးမောင်တင်အောင်၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အစိုးရစက်မှုလက်မှု သိပ္ပံ(သံတွဲ)မှ မြို့ပြဌာနမှူးဒေါ်မို့မို့စံနှင့် သင်တန်းနည်းပြဆရာများ၊ သံတွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများတက် ရောက်ကြသည်။

ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် ကျေးလက်ဒေသရှိလူငယ်များမှာ ကွန်ပျူတာနှင့် ပတ်သက်ပြီး လူမှုဘဝနယ်ပယ်တွင် ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုကာ ဘဝတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းသိရသည်။

တင်ထွန်း