ကျိုက်လတ် ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် TSDP အရ ကျင်းပပြုလုပ်သော မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဆုချီးမြင့်ခြင်း အခမ်းအနားကို ယနေ့ မနက် ၁၁ နာရီက ဖွံ့ဖြိုးအောင် ဖူဆယ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ၌ ပထမဆုနှင့် ဒုတိယဆုရရှိသော အသင်းများအား တာဝန်ရှိသူများက တံခွန်စိုက်ဖလားနှင့် ဆုကလပ်များ၊ ဆုကြေးငွေများ ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားမှူး၊ နည်းပြများ၊ အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)