ကျုံပျော် ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးဆောင် ဖွင့်လှစ်ခဲ့သည့် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်နည်း(အခမဲ့)သင်တန်းဆင်းပွဲကို အဆိုပါရုံး၌ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးနိုင်ထူးက သင်တန်းဆင်း အမှာစကားပြောကြားပြီး၊ သင်တန်းသားများထံသို့ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးလိန်းကွီးက သင်တန်းဆရာများ ထံသို့ ဂုဏ်ပြုလက်မှတ်များချီးမြှင့်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရန်နိုင်ဝင်းကဆုရသင်တန်းသူတစ်ဦး အား ဆုချီးမြှင့်ခဲ့သည်။
သင်တန်းသို့ စိတ်ပါဝင်စားသူသင်တန်းသား(၃၀)ဦးတက်ရောက်ခဲ့ကြပြီး၊ ဘက်စုံသုံးဆပ်ပြာရည်၊ ပန်းကန်ဆေး ဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်နှင့်ရေချိုးဆပ်ပြာရည် စသည့်ဆပ်ပြာရည် အမျိုးမျိုး ပြုလုပ် နည်းများ၊ မှန်ကြည်ဆေး၊ ကြွေပြားကြေးချွတ်ဆေး၊ ကြမ်းခင်းသန့်ဆေးရည်၊ သဘာဝခေါင်းလျှော်ရည်၊ Hand Gel ပြုလုပ်နည်းစသည် တို့ကို သင်ကြားပေးခဲ့ကြောင်း၊ ကျေးလက ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက် နေပြည်သူများ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အထောက်အကူပြု သင်တန်းများကို အခါအား လျှော်စွာ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။