ရွှေတောင် ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့အဝင် တိုးဂိတ်တွင် နံနက် ၆ နာရီမှ ည ၉ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးတုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပုံမှန်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင် မြို့အတွင်း ဝင်ရောက်လာကြသူများကို ပါးစပ်နှာခေါင်းစည်း mask တပ်ဆင်မှုရှိ/မရှိ စစ်ဆေးခြင်း၊ mask ကို စနစ်တကျ တပ်ဆင်သွားလာရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြုမူနေထိုင်သွား လာရေး အသိပညာပေးနှိုးဆော်ခြင်း၊ mask ကို စနစ်တကျ တပ်ဆင်ပြီးမှသာ မြို့တွင်းသို့ ဝင်ထွက် သွားလာစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း စသည်တို့ကို ပညာပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါစစ် ဆေးရေးဂိတ်ကို နေ့စဉ် နံနက်(၆)နာရီမှ ည(၉)နာရီအထိ ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးတုံ့ပြန်ရေးကော်မတီမှ သိရသည်။
ကိုကိုမင်း