ညောင်လေးပင် ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် ယမန့်နေ့ ညနေ၅ နာရီ ခန့်က ကိုဗစ်-၁၉ အတည်ပြု လူနာသစ်တစ်ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရောဂါပိုးတွေ့ရှိသူမှာ ဂျို့ပင်ကျေးရွာအုပ်စု၊ သမကျေးရွာနေ ဒေါ်ဇင်မျိုးခိုင် (ဘ) ဦးခင်မောင် ၊ အသက် (၃၆) နှစ် (သားဖွားဆရာမ ကျေးလက်ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်သူ) ဖြစ်ပြီး ယမန်နေ့ညနေက အနံ့အရသာ မရရှိပါသဖြင့် ဝင်္ဂဘော်ကျန်းမာရေးဌာနတွင် RDT (Test Kit) ဖြင့် စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ရာ ပြွန်တန်ဆာ တိုက်နယ်ဆေးရုံ သီးသန့်ဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ၎င်းနှင့် ထိတွေ့ဆက်စပ်သူများအား သီတဂူစက္ခုဒါနမျက်စိဆေးရုံ (Quarantine Center ) သို့ ပို့ဆောင်ထားရှိကြောင်း နှင့် ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူစုစုပေါင်းမှာ (၇)ယောက် ရှိလာပြီဖြစ်ကြောင်း သိရသည်