ကျောင်းကုန်း ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ရှိ စားသောက်ဆိုင်များနှင့် လဘက်ရည်ဆိုင်များအား ကိုဗစ်-၁၉ရော ဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ရောင်းချရေးအသိပညာပေး စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ 7amလဘက်ရည်ဆိုင်နှင့် Zip လ္ဘက်ရည်ဆိုင်၊အမှတ် (၂) ရပ်ကွက်ရှိ ဟိန်းလ္ဘက်ရည်ဆိုင်၊ ကိုမန်းလေးလဘက်ရည်ဆိုင်၊ အမှတ်(၄) ရပ်ကွက်ရှိ နီကိုစားသောက်ဆိုင်၊ ကျော်ကဖီးနှင့် အအေးဆိုင်၊ ဆုစားသောက်ဆိုင် တို့အား ကွင်းဆင်းစစ်ဆေးရာ ဆိုင်အဝင်တွင် လက်သန့်ဆေးရည်၊ ဆပ်ပြာနှင့် ဘေစင်များစနစ် တကျထားရှိရေး၊ နှာခေါင်းစည်း Mask နှင့် Face Shield များတပ်ဆင်၍ စနစ်တကျ ရောင်းချရေး၊ စားသုံးသူများကိုလည်း ဆိုင်အဝင်၌လက်သန့်စင်စေပြီး ကိုယ်အပူချိန်တိုင်းတာပေးကာပြီးမှ ဝင်ရောက်ခွင့်ပြုရေး၊ ဆိုင်အတွင်း တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေး၌သာ ဝယ်ယူစားသုံးနိုင်ရန် ဆောင်ရွက်ထားရှိရေးစသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး စည်းကမ်းချက်များအား လိုက်နာ၍ ရောင်းချရေးတို့ကို ဆိုင်ပိုင်ရှင်များ၊ နှင့်ဆိုင်ဝန်ထမ်းများအား အသိပေးစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစစ်ဆေးရေးအဖွဲ့တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုက်လံအသိပေး စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)