ဝန်းသိုမြို့နယ်၌ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း လွှဲပြောင်းအပ်နှံခြင်းနှင့် အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေးအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

ဝန်းသို ဇွန် ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ရွာတွင်းကွန် ကရစ်လမ်းခင်းခြင်းလုပ်ငန်း လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားနှင့် အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသ ကြီး၊ ဝန်းသိုမြို့နယ်၊ မှန်လွှဲကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊(GAP)စိုက်နည်းစနစ်အကြောင်းကိုလည်းကောင်း၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက အခမ်းအနားပြု လုပ်ရသည့် ရည်ရွယ်ချက်၊ အစိမ်းရောင် ကျေးလက်ဒေဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်၏ လုပ်ငန်း စဉ်များနှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်အကြောင်း ကိုလည်းကောင်း အကျယ်တဝင့်ဆွေးနွေး ဟောပြောခဲ့ကြပြီး ကျေးရွာပြည်သူများကိုယ်တိုင် စီမံဆောင်ရွက် ပြီးစီးခဲ့သော ရွာတွင်းကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းဆိုင်ရာအချက်အလက်များကို မြို့နယ်ကျေးလက်ဦးစီး မှူးက ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

မှန်လွှဲကျေးရွာ ရွာတွင်းလမ်း အရှည်ပေ ၁၁၀၀၊ အကျယ် ၁၂ ပေ၊ ထု ၈ လက်မရှိ ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေကျပ်သိန်း (၁၀၀)၊ ပြည် သူထည့်ဝင်ငွေ ငွေကျပ် (၆.၂၁)သိန်း၊ လုပ်အားထည့်ဝင်ငွေ ငွေကျပ် (၄၆.၅၅)သိန်း၊ စုစုပေါင်းကုန်ကျငွေ (၁၅၂.၇၆)သိန်းဖြင့် ကျေးရွာပြည်သူများကိုယ်တိုင် စီမံခန့်ခွဲအကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ကျော်မြိုင်