ရေကြည်မြို့နယ်တွင် ငါးမျိုးသယံဇာတများတိုးပွားစေရန် ငဝန်မြစ်အတွင်းသို့ ငါးသားပေါက် ကောင်ရေ (၃၀၀၀၀၀) ကျော်ငါးမျိုးစိုက်ထည့်

ရေကြည်  ဇွန်  ၂၉

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ရေရှည်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက် စေရန်နှင့်ဒေသအတွင်းငါးရိက္ခာဖူလုံစေရန် ငါးသယံဇာတများတိုးပွားစေရန် ရည်ရွယ်၍ ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ငါးသိုင်းချောင်းမြို့ ရှေ့ဆောင်ရပ်ကွက် ကျောက်ပုံဆိပ်တွင် ကျင်းပသည်။

အဆိုပါ ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးစောအောင်ရဲထွဋ်လွင် ၊ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးမောင်မောင် ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်း၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ ၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးလွင်နှင့် ဝန်ထမ်းများက ငဝန်မြစ်အတွင်းသို့ ငါးမြစ်ချင်း ကောင်ရေ (၁)သိန်း၊ငါးခုံးမကြီး ကောင်ရေ (၁)သိန်း၊ ရွှေဝါငါးကြင်းကောင်ရေ (၁)သိန်း၊ စုစုပါင်း (၂)လက်မအရွယ်ငါးသားပေါက်ကောင်ရေ (၃)သိန်း ငါးမျိုးစိုက်ထည့် ခဲ့ကြောင်းသိရသည်။

အောင်သူဟန်