ချောင်းသာမြို့ ရွာမဘုန်းကြီးကျောင်းတွင် ကိုဗစ်-၁၉ စောင့်ကြည့်လူနာများ ထားရှိရန် ပြင်ဆင်

ချောင်းသာ ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ်-၁၉ စောင့်ကြည့် လူနာများအား ထားရှိရန်အတွက် ရွာမဘုန်းကြီးကျောင်းအတွင်းရှိ ဘုတ်စုံမပညာဒါန နှစ်ထပ်ကျောင်းဆောင်၌ ပြင်ဆင် ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ကျောင်းဆောင်၌ စောင့်ကြည့်လူနာစုစုပေါင်း(၂၄)ဦး ထားရှိ ကုသနိုင်ရေး အတွက် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကုသရေး မြို့အဆင့်ကော်မတီက ပြင်ဆင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

စေတနာရှင်၊ အလှူရှင်များအနေဖြင့် အဆိုပါ ကိုဗစ်-၁၉ရောဂါ စောင့်ကြည့်ရေး စင်တာအတွက် လိုအပ်နေသော အားဖြည့်အစားအစာ ကျွေးမွေးခြင်းနှင့် အသုံးအဆောင် ပစ္စည်းများအား ပါဝင်လှူဒါန်း လိုပါက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး မြိုအဆင့်ကော်မတီဥက္ကဋ္ဌ ဦးကျော်သူ ၀၉- ၄၂၀ ၇၀၂ ၅၅၄ သို့ တိုက်ရိုက် လှူဒါန်းနိုင်ပါကြောင်း သိရသည်။

ချောင်းသာမြို့၌ ဇွန်လ(၂၄)ရက်နေ့မှ ဇွန်လ(၂၈)ရက်နေ့ထိ အတည်ပြုလူနာ(၈)ဦး တွေ့ရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်၊၊

ကျော်စိုးဝင်း