သဲကုန်း ဇွန် ၂၉
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝသယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့နိုင်စေရန်နှင့် ရာသီဥတု မျှတစေရန် ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို သဲကုန်းမြို့နယ်၊ အင်းမမြို့၊ တရုတ်မှော် ကြိုးဝိုင်း၊ အကွက်အမှတ်(၁)၌ ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပသည်။
ရှေ့ဦးစွာ မြို့နယ်သစ်တော ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချစ်ကိုကိုက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်အေး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေနှင့် တာဝန်ရှိသူများအား ပျိုးပင်များကို ပေးအပ်ခဲ့ရာ လက်ခံရယူပြီး ပျိုးပင်များကို သတ်မှတ်နေရာများ၌ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ယနေ့ စိုက်ပျိုးသည့် ပျိုးပင်များမှာ ကျွန်း၊ မယ်ဇယ်၊ ယူကလစ်၊ ရေတမာ စုစုပေါင်း ပျိုးပင်(၃၆၀)ကျော် စိုက်ပျိုးခဲ့ကြကြောင်းနှင့် အဆိုပါ သစ်ပင် စိုက်ပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၅၀)ဦးတို့က စုပေါင်း၍ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
နိုင်လင်း