မြောင်းမြဇွန်၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွားမှုမရှိစေရေး နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း အလေ့အထရှိစေရေးအတွက် နေအိမ်ပြင်ပသွားလာကြသော ပြည်သူများအား နှာခေါင်း စည်း(Mask) တပ်ဆင်ခြင်း မရှိပါကနှာခေါင်းစည်းတပ်ဆင်ရန်ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များကို ယခုဝယ် ယခုတပ်ဆင်စေခြင်းကို ဇွန်လ ၂၈ ရက်နေ့ မှ စ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးမှုကို မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ ခရိုင်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊မြို့နယ်အားကစားနှင့်အာယပညာဦးစီးဌာနမှဝန်ထမ်းများ၊မြို့နယ်မော်တော်ယာဉ် ကြီးကြပ်မှုကော်မတီဝင်များ၊ ပြန်/ဆက်ဦးစီးဌာနမှဝန်ထမ်းများစသည့်မြို့နယ် ကိုဗစ်-၁၉ အရေးပေါ် တုန့်ပြန်ရေးကော်မတီဝင်များက မြောင်းမြမြို့ (၇)လမ်း လမ်းဆုံ၊ မြသာယာစျေး၊ ရှမ်းကုန်းပိုင်းလမ်းဆုံ၊ မြို့နယ်ပြည်သူ့ကျန်းမာနှင့် ဘောလုံးကွင်းလမ်းဆုံ ၊ အခွန်လွတ်စျေး ၊လယ်ယာသုံးစျေး ၊ မြို့အဝင် ကွယ်လွယ်စစ်ဆေးရေးနေရာများတွင် နှာခေါင်းစည်းများတပ်ဆင် သွားလာခြင်းမရှိပါက "ယခုဝယ်ယခုတပ်" စနစ်ဖြင့်နှာခေါင်းစည်း၅ခု လျှင် ငွေကျပ် ၁၀၀ဝိ/ နှုန်းဖြင့် ဒဏ်ရိုက်ကာ အရေးယူဆောင်ရွက်ခဲ့ပြီး သံဃာတော်တို့ အား နှာခေါင်းစည်း(Mask) တပ်ဆင်လှူဒါန်းပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကေခိုင်စိုး(မြောင်းမြ)