ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကင်းဝေစေရေး Mask Campaign ပြုလုပ်

ဓနုဖြူ ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရေး ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန်က မြို့မဈေးရှေ့လမ်း၊ ကားဂိတ်၊ ဂွန်ဒေါင်းဂိတ်၊ စံကင်း ကူးတို့ဆိပ် စသည့် လူစည်ကားရာနေရာများတွင် Mask Campaign ကို ပြုလုပ်ခဲ့သည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး၊ မီးသတ်ဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာနနှင့် ကြက်ခြေနီ အသင်းတို့ ပူးပေါင်းပြီး ပြည်သူများအား Mask ၁၀၀၀ကျော်နှင့် ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်း စာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)