နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (NCMP) မိတ်ဆက်ပွဲ အခမ်းအနားဝက်လက်မြို့၌ကျင်းပ

ဝက်လက် ဇွန် ၂၉

ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ (၂၀၁၈ - ၂၀၂၂) မဟာဗျူဟာစီမံကိန်း နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (NCMP) အရ ဝက်လက်မြို့နယ် တရားရုံးအနေဖြင့်  မှု့ခင်းစီမံခန့်ခွဲမှု အစီအစဉ် (Case Management Program –CMP) ဖြင့် မှုခင်းများ စစ်ဆေးခြင်းကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသဖြင့် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (Case Management Program -CMP) မိတ်ဆက်ပွဲ အခမ်းအနားကို ဝက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရွှေဘိုခရိုင်တရားသူကြီး ဦးကြည်မင်းစိုးက  အဖွင့်အမှာစကား ပြောကြားရာတွင် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့်ပတ်သက်၍ သိကောင်းစရာများ အကြောင်းထည့်သွင်းပြောကြားနောက် ဝက်လက်မြို့နယ် တရားသူကြီးဒေါ်ပွင့်ဖြိုးလင်းက မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့် စပ်လျဉ်း၍ဝပ်လက်မြို့၌ ဆောင်ရွက်မည့် လုပ်ငန်း များအား ရှင်းလင်းပြောကြားသည်။

အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေ့များ၊ မြို့နယ်ရဲတပ်ဖွဲ့မှုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ နယ်မြေစခန်းမှူးများ တက်ရောက် ကြကြောင်း သိရှိရသည်။

စိုးစိုးလှိုင် (ဝက်လက်)