အုတ်ဖို ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြိုတင်ကာကွယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးထွန်းလွင်နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇော်မောင်တို့မှ ကြိုတင် ကာကွယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာ မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ မကူးစက်မပြန့်ပွားအောင် တားဆီးကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူအားလုံတွင် တာဝန်ရှိကြောင်းနှင့် လက်ရှိဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက်မြို့နယ်ဆရာဝန်ကြီးမှ မိမိတို့မြို့နယ်အတွင်းသို့ ကိုဗစ်ရောဂါ ဖြစ်ပွားလျှက်ရှိသည့် လက်ပံတန်းမြို့နယ်နှင့် သက်မှတ်မြို့နယ်များမှ ပြန်လာသူများအား Quarantine Centre များတွင် ထားရှိနိုင်ရန် ဇွန်လ ၂၉ ရက်နေ့မှစ၍ မြို့နယ်အားကစားခန်းမတွင် အမျိုးသားများအားလည်းကောင်း သီတဂူစက္ခုဒါနဆေးရုံတွင် အမျိုးသမီးများအားလည်းကောင်း (၁၄) ရက်တာ Quarantine ထာရှိးသွားမည်ဖြစ်ကြောင်းနှင့် ရောဂါလက္ခဏာရှိသူများအား မြို့နယ် ပြည်သူ့ဆေးရုံနှစ်ထပ်ဆောင်တွင် ထားရှိကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ