စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ၂၀၂၁-၂၀၂၂ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းပြီးစီး

စလင်း ဇွန်၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ ပေါင်ပင်ဇင်းရပ်ကွက်တွင် စည်ပင် သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဝက်သည်းကန်လမ်းနှင့် ကူတော်သစ် လမ်းကို ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ ယခုအခါရာ နှုန်းပြည့် ပြီးစီး ပြီဖြစ်သည်။

ဝက်သည်းကမ်းလမ်းမှာ အရှည်(၇၀၀)ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်(၈)လက်မ လုပ်ငန်း တန်ဘိုးမှာ ၁၀.၃ သန်းကျပ်၊ ကူတော်သစ်လမ်းမှာ အရှည်(၉၀၀)ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်(၈)လက်မ လုပ်ငန်းတန်ဘိုး ၁၃.၃၉၅သန်းကျပ် အကုန်အကျခံ၍ ကွန်ကရစ် ခင်းခြင်းဖြင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို  မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဇွန်လ ပထမပတ်ကစတင်ပြီး တာဝန်ယူဆောင်ရွက်ခြင်းဖြစ်သည်။ မြို့နယ်စည်ပင် သာယာရေး ကော်မတီအနေဖြင့် အများပြည်သူလမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် အတွက် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင် ရွက်ခြင်း၊ မိုးတွင်းကာလတွင် လမ်းများပျက်စီးမှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရန် အတွက် အုတ်ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ ဦးစိုးနိုင်ဦး ထံမှသိရှိရသည်။

မောင်လွင်(စလင်း)