ထီးချိုင့် ဇွန် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်(၉)နာရီက ဧရာဝတီတံတားအဆင်း ကြက်သွန်ခင်းလမ်းဆုံရှိ ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် Mask Campaign ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌဦးဇော်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြန်/ဆက်ဝန်ထမ်းများပူးပေါင်းပြီး ယခုတပ် စနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး စနစ်တကျ Mask နှာခေါင်းစည်းတပ်ဆင်သွားလာရေး ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး Mask (၇၅၀) အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရပါသည်။
ရဲလင်းထွန်း ( ထီးချိုင့်)