သနပ်ပင် ဇွန် ၂၉
စိုက်ပျိူးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ်ဆောင်ရွက် လျက်ရှိသော ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ငါးသယံဇာတ မပြုန်းတီးရေး ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာအချိန်က သနပ်ပင်မြို့နယ် ပြွန်ပေါက်ကျေးရွာ ပုဂံညောင်ပင်ရေလွှဲပေါက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက ပဲခူး-စစ်တောင်း တူမြောင်းဘေး၌ ကပ်လျက်ရှိသော ပုဂံ ညောင်ပင်ရေလွှဲပေါက်အတွင်းသို့ ၂ လက်မအရွယ် ငါးမြစ်ချင်း အကောင်ရေ တစ်သိန်း(၁၀၀၀၀၀)၊ ထိုင်းငါးခုံးမကြီး အကောင်ရေ တစ်သိန်းခြောက်သောင်း (၁၆၀၀၀၀) စုစုပေါင်း ငါးအကောင်ရေ (၂၆၀၀၀၀)အား ငါးမျိုးစိုက်ခဲ့ပြီး ငါးသယံဇာတများ မပြုန်းတီးရေးနှင့် ငါးမျိုးစိတ်များ ရှင်သန်ကြီး ထွားနိုင်ရေး၊ ငါးသားစားမှုဖူလုံစေရေး တို့အတွက် ရည်ရွယ်၍ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထက်၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဒေါ်ဆွေဆွေဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ် ငါးဆင်း စိုက်ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်ငါးစခန်းမှ မြိုနယ်ဦးစီးမှူး ဒေါ်စန်းစန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂)၊ ဌာနဆိုင်ရာများ၊ မြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကျေးရွာ အင်းလုပ်သားကြီးများ တက်ရောက်ခဲ့သည်။
လှမိုး