နတ်တလင်း ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူဟု သံသယ ဖြစ်သူ (၇) ဦးအား Covid-19 Antigen (RDT) test ဖြင့် စစ်ဆေးရာမှ (၄) ဦးမှာ ကိုဗစ်-၁၉ (Positive) ဖြစ်နေကြောင်း တွေ့ရှိရသည်။ အဆိုပါ လူနာများသည် ကျောက်ဆည်မြို့နယ်မှ နာရေးတစ်ခုအား သွားရောက်ခဲ့စဉ် နာရေးသို့ လာရောက်သော မြို့ခံတစ်ဦး၌ ပိုးတွေ့ရှိမှုကြောင့် ဆက်စပ်သူများဖြစ်နေ၍ စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများဖြစ်နေကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံမှ သီးသန့်လူနာဆောင် များတွင် ထားရှိကုသပေးသွားမည်ဖြစ်သည်။ ယခုအခါ နတ်တလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာပေါင်းမှာ (၆)ဦး ရှိသွားပြီဖြစ်၍ ဆေးရုံမှ ဆင်းခွင့်မပြုသေးပါကြောင်း သိရသည်။
ထားထားဦး
(နတ်တလင်း)