ဇီးကုန်း ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် တရားရုံးမှ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ခြင်းကို ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဇီးကုန်းမြို့နယ်တရားသူကြီး ဒေါ်သူဇာဝင်းက “အမှုများကို စစ်ဆေးစီရင်ရာမှာ စံသတ်မှတ် ကာလတွင်း ပြီးပြတ်စေရန် တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်း များနှင့်အညီ တရားရုံးက အမှုနှင့် သက်ဆိုင်သူအားလုံးနှင့်အတူ ပူးပေါင်းပြီး အချိန်နှင့်တစ်ပြေးညီ ထိရောက်မြန်ဆန်စွာ စစ်ဆေးစီရင်နိုင်ဖို့ ဆောင်ရွက်ရသော အစီအစဉ် ဖြစ်ကြောင်း၊ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်မှာ (က) မှုခင်းများတွင် အငြင်းပွားမှုများကို မျှတစွာဖြေရှင်းရန်၊ (ခ) မှုခင်းများကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးစီရင်နိုင်ရန်၊ (ဂ)အမှု လက်ကျန်များနှင့် ကြန့်ကြာနေသည့် မှုခင်းများလျော့ချရန်၊ (ဃ)တရားရုံးများအပေါ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို မြှင့်တင်ရန် စသည့်ရည်ရွယ်ချက်များဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်
ဆက်လက်၍ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်တွင် ပါဝင်သော ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ပုံစံများကို ရှင်းလင်းပြောကြားပြီး၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် တရားရုံးသို့ လာရောက်ရသော အကြိမ်ရေ လျော့နည်း ခြင်း၊ အမှုပြီးပြတ်ရန် အချိန်မကြန့်ကြာခြင်း၊ အမှုများကို သတ်မှတ်ထားသည့် အချိန်အတွင်း ထိရောက်မြန် ဆန်စွာ ကြားနာစစ်ဆေး စီရင်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းကို မြို့နယ်တရားသူကြီးမှ ပြောကြားခဲ့ကြောင်း သိရသည်။
တင့်ဆွေ