ဖောင်းပြင် ဇွန် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အသားကဏ္ဍဖွံ့ဖြိုးရေး အတွက် ၂၀၂၀- ၂၀၂၁ဘဏ္ဍာနှစ် မြစိမ်းရောင်အသားကဏ္ဍဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေအား ဝက်တစ် ကောင်လျှင် တစ်သိန်းကျပ် နှုန်းဖြင့် မင်းယားကျေးရွာအုပ်စု ဆွတ်နန်းကျေးရွာ၌ ယမန်နေ့က ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထုတ်ချေးပေးရာတွင် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်မင်းစိုးနှင့် မြို့နယ် ဌာန ဆိုင်ရာများကြီးကြပ်မှုဖြင့် မြစိမ်းရောင်အသားကဏ္ဍဖွံ့ဖြိုးရေးကော်မတီမှ တာဝန်ရှိသူများက ရန်ပုံငွေကျပ် သိန်း(၃၀၀)အား ဝက်မွေးမြူရေးလုပ်ကိုင်လိုသူ (၁၀၉)ဦးအတွက် မွေးမြူစရိတ်အတွက် ဝက်တစ်ကောင်လျှင် တစ်သိန်း ကျပ်နှုန်းဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ချေးငွေများအား အသားငါး ကဏ္ဍဖွံ့ဖြိုးစေရန်၊ မြို့နယ်အတွင်း အသားစားသုံးမှုဖူလုံစေရန်နှင့် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မင်းစိုးထံမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)