မင်းလှ ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တရားရုံး၏ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သာယာဝတီခရိုင် တရားသူကြီး ဒေါ်အေးမွန်စန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွဋ်တို့က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်တရားသူကြီး ဦးရဲမင်းထွန်းက မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်းအား PowerPoint ဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။
အခမ်းအနားကို တတ်ရောက်လာသော ဥပဒေပညာရှင်များ၊ ရှေ့နေအဖွဲ့အစည်းများ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများက သိလိုသည်များ မေးမြန်းခဲ့ရာ မြို့နယ် တရားသူကြီးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ထိုနောက် တတ်ရောက်သူများကို မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အကြောင်း သိကောင်းစရာ ဗီနိုင်းပိုစတာ များ ပြသခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ၏ မဟာဗျူဟာ စီမံကိန်း လုပ်ငန်းနယ်ပယ်(၅) ဖြစ်သော" ထိရောက် သော မှုခင်းစီမံခန့်ခွဲမူနှင့် တရားရုံးက ဆောင်ရွက်သော အထူးမှုခင်းကိစ္စရပ်တို့ကို တိုးမြှင့်ဆောင် ရွက်ရန်" အတွက် မင်းလှမြို့နယ် တရားရုံးတွင် (နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်) ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်(၁)ရက်နေ့မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ် တရားရုံးမှ သိရသည်။
ပေါက်စ