ကျိုက်ထို ဇွန် ၂၉
သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ် တားဆီးနိုင်ရေး အတွက် ပြည်သူများနေအိမ်ပြင်ပ သွားလာ ရာတွင် ပါးစပ်၊ နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်း ကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ် က ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပါးစပ်နှာခေါင်းစည်း Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးနှင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ကော်မတီ ၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များက သွားလာကြသည့် ဒေသခံ ပြည်သူများနှင့် ခရီးသွားပြည်သူများကို မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက် များအတိုင်း စနစ်တကျ နေထိုင်သွား လာကြရန် ၊ တစ်ဦးနှင့် တစ်ဦး အနည်းဆုံး (၆)ပေအကွာနေထိုင် သွားကြရန် ၊ ကိုဗစ်- ၁၉ ရောဂါပိုး သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြီး စစ်ဆေးမှုခံယူကြရန် စသည့် ကြိုတင် ကာကွယ်ရေးဆိုင်ရာ လိုက်နာရန်အချက်များကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ပါးစပ်နှာခေါင်းစည်းမ ပါသော ပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
၀င်းမောင်