ရသေ့တောင် ဇွန် ၂၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ ၂၀၂၁ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား ကလပ် ပေါင်းစုံ အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်ကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID-19 စည်းကမ်းချက်များနှင့်အညီ ပြိုင်ပွဲကို စတင်ကျင်းပရာ Star Club အသင်းက Top Club အသင်းကို နှစ်ပွဲကစားပြီး ရမှတ် ၂၁ မှတ် ၁၈ မှတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ ပထမဆုရရှိသည့် Star Club အသင်းအား ငွေသားဆုနှင့် ဆုတံဆိပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် Top Club အသင်းအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သန်းကလည်းကောင်း အသီးသီးဆုများ ပေးအပ်ချီးမြှင့် ခဲ့သည်။
အဆိုပါ ကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို ရသေ့တောင် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအသီးသီးမှ ပြိုင်ပွဲဝင်အသင်း(၁၂)သင်းတို့မှ ပါဝင်ယှဉ် ပြိုင်ခဲ့ ကြပြီး ပြိုင်ပွဲအား ဇွန်လ ၂၆ ရက်နေ့မှ ၂၈ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)