မောင်တော ဇွန် ၂၉
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ မြို့မမြောက် ရပ်ကွက်နေ အသက်(၃၈)နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် ဖျားနာ ၊ ခေါင်းဆိုးသဖြင့် ဇွန် ၂၈ ရက်နေ့တွင် ပြည်သူ့ဆေးရုံသို့ လာရောက်ပြသ၍ ကိုဗစ်-၁၉ ရောဂါ လက္ခဏာ တွေ့ရှိ သဖြင့် Rapid Diagnostic Test(RDT) ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ၊ ထပ်မံ၍ ကြက်ရိုးပြင် ကျေးရွာ နေ ပိုးတွေ့လူနာ နှင့် ထိတွေ့ဆက်စပ်ခဲ့သူ မိသားစုဝင် တို့အား ဇွန် ၂၈ ရက်နေ့ Rapid Diagnostic Test(RDT) ဖြင့် စစ်ဆေးခဲ့ရာ အသက်(၃၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး နှင့် အသက်(၁)နှစ်ခွဲ အရွယ် အမျိုးသားတစ်ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ၊ နောက်ထပ် မြို့မ ကညင်တန်းကျေးရွာနေ အသက်(၅၄)နှစ်အရွယ် အမျိုးသား တစ်ဦး သည် ဖျားနာသဖြင့် ပြည်သူ့ဆေးရုံသို့ လာရောက်ပြသ၍ ကိုဗစ်-၁၉ ရောဂါ လက္ခဏာ တွေ့ရှိ သဖြင့် Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရာ ဇွန် ၂၈ ရက်နေ့တွင် ထပ်မံ၍ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၄) ဦးရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ပိုးတွေ့လူနာ အမျိုးသားနှစ်ဦး နှင့် အမျိုးသမီး နှစ်ဦးတို့အား မောင်တောမြို့ ပြည်သူ့ ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့် ဆောင် တွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိရာ ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့ မှ ဇွန် ၂၈ ရက်နေ့ ညနေပိုင်းထိ ကိုဗစ် အတည်ပြုလူနာ စုစုပေါင်း (၁၆)ဦး ရှိပြီး ကိုဗစ်-၁၉ ဓါတ်ခွဲ အတည် ပြုလူနာများအနက် သုံးဦးမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းချက်များ နှင့် အညီ ရက်ပြည့်မြောက်ပြီး ရောဂါ လက္ခဏာ ထပ်မံ ပြသမှုမရှိသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန် ရှိသူ တစ်ဦးထံမှ သိ ရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)