ကန့်ဘလူ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

ကန့်ဘလူ ဇွန် ၂၈

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တေဇခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင်က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်စိမ်းလဲ့ ရည်က ကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာများကို ဆောင်ရွက်၍ အကာအကွယ်ပေးနေမှုများ၊ အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှု၊ နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက် ခံနေရသော အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လူမှုဝန်ထမ်း ဦးစီးဌာနမှ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြား သည်။

 

ထို့နောက် တက်ရောက်လာသော သက်ဆိုင်ရာကော်မတီဝင်များက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးကြသည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် မျိုးသမီးကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ခရိုင်ကော်မတီဝင်များ၊ အရပ်ဖက် အဖွဲ့အစည်းများ တက်ရောက်ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)