မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူပေး

မင်းလှ ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ် ညွှန်ကြားမှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေး ဗီနိုင်းဆိုင်းဘုတ်များကို ယမန်နေ့ နံနက်ပိုင်းက မင်းလှလူမှုကယ်ဆယ်ရေးအသင်းမှ လိုက်လံစိုက်ထူ ပေးခဲ့သည်။

မင်းလှ လူမှုကယ်ဆယ်ရေးအသင်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်ဖြစ်သော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဗီနိုင်း ဆိုင်းဘုတ်များကို မင်းလှတာဆုံ၊ စိန်လမ်းစိုပြည်ရေးကန်ရှေ့နှင့် မြို့လယ်ဓမ္မာရုံဘေးတို့တွင်  ဒေသခံ ပြည်သူများ နှင့် ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန် အတွက် စိုက်ထူပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တတ်လာသည့်အတွက် ပြည်သူများ အနေဖြင့် အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း mask ကို စနစ်တကျ တပ်ဆင်ပြီး မကြာခဏ လက် ဆေးရန်အတွက် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

ပေါက်စ