ပဲခူးမြို့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ မပြန့်ပွားရေး ခရီးသည်တင် ကားဂိတ်များတွင် ကွင်းဆင်း စစ်ဆေးခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်

 

ပဲခူး ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊  ပဲခူးမြို့ ကိုဗစ်-၁၉ ကမ္ဘာကပ်ရောဂါ မပြန့်ပွားရေး ခရီးသည်တင် ကားဂိတ်များတွင် ကွင်းဆင်းစစ်ဆေးခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်းကို ယနေ့ (၈:၃၀) အချိန်  တွင် ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင်ကားများနှင့် ကားဂိတ်များတွင် တိုင်းဒေသကြီး ယာဉ်လုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောသန်းမော်အဖွဲ့များက ကိုဗစ်စည်းကမ်းနှင့်အညီ ခရီးသွားလာနိုင်ရေးအတွက် ပဲခူး- ရန်ကုန်၊ ပဲခူး-သနပ်ပင် ကားလမ်းမပေါ်ရှိ ခရီးသည်တင် ကားများအတွင်းနှင့် ကားဂိတ်များ ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားရေးအတွက် Mask များ ဆေးဖြန်းခြင်း ပြုလုပ်ကြောင်း၊ ကိုဗစ်ရောဂါ ကာကွယ်ရန်အတွက် တိုင်းဒေသကြီး အတွင်းရှိ ခရိုင်၊ မြို့နယ်များမှ ကားဂိတ်များ ခရီသည်တင်ကားများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး ကားများပေါ်တွင် လက်သန့်ဆေးရည် ထားရှိစေခြင်း၊ Mask မပါရှိသည့် ခရီးသည်များအား Mask တပ်ဆင်စေခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်းနှင့် မော်တော်ယာဉ်ကြီးကြပ်ရေး ကော်မတီမှ သိရသည်။

         

 

မျိုးငြိမ်း