အုတ်ဖိုမြို့နယ် မြို့တော်ခန်းမ စတိတ်ခုံ ပြုပြင်ဆောက်လုပ်ခြင်းလုပ်ငန်း ၈၀ ရာခိုင်နှုန်းပြီးစီး

အုတ်ဖို ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှ မြို့ကျက်သရေဆောင်နေရာ ဖြစ်သည့် မြို့တော် ခန်းမ စတိတ်ခုံပြုပြင်ဆောက်လုပ်ခြင်းလုပ်ငန်းမှာ ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းကို တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခင်က အဆိုပါစတိတ်ခုံအောက် တွင် ပွဲလမ်းသဘင်များ ကျင်းပရာတွင် အဝတ်လဲခန်းအဖြစ် အသုံးပြုသည့် ကွန်ကရစ်မြေအောက်ခန်းရှိပြီး မြေအောက်ခန်းအား ကွန်ကရစ်ခင်းခြင်း၊ စတိတ်ခုံ၏ အပေါ်မှ အမိုးနှင့်အကာများ၊ ကြမ်းခင်းများမှာ ပျက်စီးယိုယွင်းနေပြီဖြစ်တဲ့အတွက် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ရာနှုန်းပြည့်ပြီးစီးပါက မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အခမ်းအနား များ ဆောင်ရွက်ရာတွင် ခမ်းခမ်းနားနား လှလှပပ တင့်တင့်တယ်တယ် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြင်ဆင်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေး အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်ထံမှ သိရသည်။

အောင်သူ