ဒေးဒရဲ ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ရေပြင်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုလုပ်ငန်း များအား ကျုံဘုတ်ချောင်းတွင် ယမန်နေ့ ညနေ ၂ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဝင်းစိုးနှင့် ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက အချိန်တိုအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရေပြင်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများအဖြစ် မော်တော် အသုံးပြုကယ်ဆယ်ခြင်း၊ အသက်ကယ်ဘောဖြင့် ကယ်ဆယ်ခြင်း၊ ကြိုးအသုံးပြု၍ ကယ်ဆယ်ခြင်း နှင့် လူတစ်ဦးချင်းကယ်ဆယ်ခြင်းစသည့် ဇာတ်တိုက်လေ့ကျင့်ရေး လုပ်ငန်းများအား လေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်