မင်းလှ ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကျန်းမာရေးကောင်းမွန်သူ (၁၂)ဦး ဆေးရုံ ဆင်းခွင့်ရရှိကြောင်း သိရသည်။
မြို့နယ်ဆရာဝန်ကြီး ဒေါ်က်တာလှဝင်းက ကျန်းမာရေးကောင်းမွန်သူ ၁ နှစ်ခွဲ ကလေးငယ်အပါအဝင် (၁၂) ဦးကို ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ်များ ပေးအပ်ကာ မိမိတို့၏ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် (၇)ရက် ကြာနေထိုင်ရန်နှင့် ကျန်းမားရေးအသိပညာပေး စကားများ ပြောကြားပေးခဲ့သည်။ အလားတူ ရောဂါပိုး စတင်ကူးစက်ခံရသူ (၂) ဦးအနက်မှ အမျိုးသမီး(၁) ဦးမှာ သာယာဝတီပြည်သူ့ဆေးရုံးမှ ဆေးရုံ ဆင်းခွင့်ရရှိကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း(၁၄၂) ဦး အနက် ဆေးရုံဆင်းခွင့်ရသူ(၂၅)ဦးရှိပြီး၊ ကျန်ရှိသော (၁၁၇)ဦးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး မြို့နယ် ကျန်းမာရေးဦးစီးဌာနက စောင့်ကြည့်ကုသပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ