ပုဗ္ဗသီရိ ဇွန် ၂၈
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇဝနဒီပရပ်ကွက်နေသူ အမျိုးသမီးတစ်ဦး အနံ့ပျောက်ရာမှ နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ COVID-19 Positive တွေ့ရှိရသည့်အတွက် Primary Contact မိသားစုဝင်လေးဦးအား Quarantine ဝင်ရောက်ရန် စည်ပင်ဧည့်ရိပ်သာ(၂)သို့ ပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မိသားစုဝင်လေးဦးအနက် အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်း Grate-VII(A)တွင် တက်ရောက်ခဲ့သည့် မောင်အောင်စစ်မင်း၌ COVID-19 Positive တွေ့ရှိခဲ့ရာ ၎င်းနှင့်ထိစပ်သူ ဆရာမ(၆)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ(၅)ဦးအား Quarantine ဝင်ရောက်ရန် စည်ပင်ဧည့်ရိပ်သာ(၂)နှင့် ရွာတော်စတခ(၃)သို့ ပို့ဆောင်ထားရှိပြီး အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းအား (၂၇-၆-၂၀၂၁)ရက်နေ့မှ (၁၁-၇-၂၀၂၁) ရက်နေ့အထိ ရက်သတ္တပတ် (၂)ပတ် ယာယီပိတ်ထားကြောင်းနှင့် ပုဗ္ဗသီရိမြို့နယ်တွင် ယနေ့အချိန်အထိ COVID-19 Positive အတည်ပြုလူနာ (၁၀)ဦးအထိရှိပြီး (၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)