ရွှေသောင်ယံမြို့ ဂျိုင်ကြီးကမ်းခြေတွင် လင်းပိုင်( ဒေသအခေါ် ) လင်းရှူး အရှင်နှစ်ကောင် တွေ့ရှိ

ရွှေသောင်ယံ ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ် (၃)ရပ်ကွက်အပိုင် ဂျိုင်ကြီးကမ်းခြေတွင် ယမန်နေ့ နံနက်(၆)နာရီအချိန်က လင်းပိုင် (ဒေသအခေါ်) လင်းရှူး အရှင်နှစ်ကောင်ကမ်းတင်လျှက်ရှိသည်ကို ​ဒေသခံများမှ တွေ့ရှိရသဖြင့် တာဝန်ရှိသူများထံ အကြောင်းကြား၍ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရွှေသောင်ယံမြို့ ငါးလုပ်ငန်းဦးစီးဌာန တို့မှ လာရောက်ကြည့်ရှုပြီး နံနက်(၈)နာရီ(၄၅)အချိန်တွင် စက်လှေဖြင့် ပင်လယ်တွင်းသို့ပြန်လည် လွှတ်ပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါရေနေသတ္တဝါ လင်းပိုင်ဒေသအခေါ် လင်းရှူးမှာ ရွှေသောင်ယံမြို့ ငါးလုပ်ငန်းဦးစီးဌာန၏ တိုင်းထွာချက်အရ အလျှား(၆)ပေ(၁)လက်မ၊ လုံးပတ်(၂)ပေ(၇)လက်မ၊ အမြီး(၁)ပေ(၄)လက်မ၊ အပေါ်ရေယက်(၇)လက်မ၊ ဘေးရေယက်(၉)လက်မ ရှိတစ်ကောင်နှင့် အလျှား(၆)ပေ(၃)လက်မ၊ လုံးပတ်(၂)ပေ(၇)လက်မ၊ အမြီး(၁)ပေ(၉)လက်မ၊ အပေါ်ရေယက်(၇)လက်မ၊ ဘေးရေယက် (၉)လက်မ စီရှိကြကြောင်းသိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)